စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်မယ့် အရောင်ကုထုံး
ကျွန်ုတို့နေထိုင်ရ ကမ္ဘာကြီးကို အရောင်တွေနဲ့ ပုံဖော်ထားပါတယ်။ အရောင်တွေဟာ စိတ်ခံစားမှုပုံစံဆီကိုလည်း အကျိုးသက်ရောက်မှုရှိပါတယ်။ ကျွန်ုပ်တို့ ပြုလုပ်လိုက်တဲ့ အမူအကျင့်တွေရဲ့ အဆိုးအကောင်းတွေဟာ အရောင်တွေအပေါ်မှာလည်း တစ်စိတ်တစ်ဒေသ မူတည်နေတတ်ပါတယ်။ အရောင်တစ်မျိုးတည်းကို အပြည့်အ၀သုတ်ထားတဲ့ အခန်းထဲမှာ နေရတဲ့ အခါ၊ အရောင်တစ်မျိုးမျိုးကို ၀တ်ဆင်ထားရတဲ့အခါ စိတ်မသက်မသာ ဖြစ်ရတာမျိုး သင်ခံစားရပါသလား။ ဒါဆို သင့်စိတ်ကို သက်သောင့်သက်သာရှိစေမယ့် တခြားအရောင်တွေရော မရှိတော့ဘူးတဲ့လား။ ကျွန်ုပ်တို့ ပတ်ဝန်းကျင်က အရောင်တွေနဲ့ ၀တ်ဆင်ကြတဲ့ အ၀တ်အစား အရောင်တွေဟာ အတွင်းစိတ်အနေအထားကိုလည်း ရောင်ပြန်ဟပ်စေပါတယ်။ အရောင်တွေကို အသုံးပြုပြီး စိတ်ဖိစီးမှုတွေကို ဘယ်လိုလျော့ပါးသက်သာစေမလဲ။ ကောင်းမွန်သာယာတဲ့ စိတ်အနေအထားကို ဘယ်လိုဖန်တီးကြမလဲဆိုတာ လေ့လာကြည့်ကြရအောင်။
(၁) သင့်ပတ်ဝန်းကျင်ကို ပန်းရောင်လေးနဲ့ လွှမ်းခြုံကြည့်လိုက်ပါ။ ပန်းရောင်ဟာ စိတ်ကို ငြိမ်သက်အေးချမ်းစေနိုင်ပါတယ်။ သင့်ပတ်ဝန်းကျင်၊ သင့်အိမ်လေးမှာ စိတငြိမ်မှုရစေဖို့ ပန်းရောင် ပစ္စည်းလေးတွေနဲ့ အလှဆင်ပေးလို့ရနိုင်သလို သင့်အိပ်ခန်း၊ ရေချိုးခန်းနဲ့ တခြားနေရာတွေမှာလည်း ပန်းရောင်လှလှလေး သုတ်ပေးလို့ပါတယ်။ ပန်းရောင်ဆွယ်တာလေးတွေ ဒါမှမဟုတ် တခြားပန်းရောင် Accessories တွေက သင့်ရဲ့ ထက်သန်မှုစွမ်းပကားတွေကို ညီမျှအောင် ထိန်းညှိပေးပြီး စိတ်တွင်းငြိမ်းချမ်းမှုကို မြှင့်တင်ပေးပါလိမ့်မယ်။
(၂) သင်စိတ်ဓာတ်ကျနေတဲ့ အချိန်မျိုးမှာ သင့်ဘ၀ထဲကို အ၀ါရောင်လေး ဖြည့်စွက်လိုက်ပါ။ အ၀ါရောင်ဟာ ထက်မြက်တဲ့ အရောင်အသွေးမျိုးဖြစ်ပြီး သင့်ရဲ့စိတ်အာရုံကို မြှင့်တင်ပေးကာ စိတ်ကျရောဂါဝေဒနာကိုလည်း သက်သာစေပါတယ်။
(၃) စိတ်ကို တည်ငြိမ်အေးချမ်းစေတဲ့ နောက်ထပ်အရောင်တစ်မျိုးကတော့ အပြာရောင်ပဲဖြစ်ပါတယ်။ တည်ငြိမ်အေးဆေးတဲ့ ပတ်ဝန်းကျင်လေးကို ရရှိဖို့ အပြာရောင်နဲ့ ခြယ်သပေးပါ။ အပြာရောင်အခန်းမှာ အိပ်စက်ရတာဟာ နှစ်ခြိုက်စွာ အနားရစေမှာပါ။ အပြာရောင်ဟာ အရမ်းကို စိတ်အပန်းပြေစေတဲ့ အရောင်ဖြစ်ပြီး စိတ်ငြိမ်သက်မှုကို မြှင့်တင်ပေးကာ စိတ်ကုထုံးကို ထိရောက်စေပါတယ်။ သင်ဟာ အိပ်မပျော်တဲ့ရောဂါ ခံစားနေရသူဆိုရင် သင့်အိပ်ခန်းတွင်း ပြင်ဆင်ဖွဲစည်းမှုမှာ အပြာရောင် ပစ္စည်းတွေကို ထည့်သွင်းဖန်တီးပေးပါ။ သင်ဝတ်မယ့် ည၀တ်စုံရော အိပ်ယာခင်း အပြင်အဆင်များမှာပါ အပြာရောင်ရဲ့ အရိပ်လေးတွေ လွှမ်းခြုံနေပါစေနော်။ လူအများကြားမှာ စကားပြောရမယ့် အခါမျိုးမှာလည်း အပြာရောင်ဝတ်စုံလေးကိုသာ ၀တ်ဆင်သင့်ပါတယ်။ အပြာရောင်ဟာ သင့်အတွက် ကောင်းမွန်တဲ့ Communication ကိုတိုးမြှင့်ပေးပါလိမ့်မယ်။

(၄) အစိမ်းရောင်ဟာ ကမ္ဘာမြေရဲ့ စိမ်းလန်းခြင်းကို ကိုယ်စားပြုထားတဲ့ သဘာဝကျ ယုတ္တိဆန်တဲ့ အရောင်လည်းဖြစ်ပါတယ်။ အဲဒီအစိမ်းရောင်ကို သင့်ပတ်ဝန်းကျင်နဲ့ သင်အမြဲမြင်သာမယ့် အ၀တ်အစားဗီရိုတွေမှာ အသုံးပြုထားပေးမယ်ဆိုရင်တော့ သူဟာ အပူသောကများကို သက်သာစေပြီး လိုက်ဖက်အဆင်ပြေမှုကိုလည်း ပေးစွမ်းမှာပါ။ စာဖတ်ရတာ များသွားတဲ့အခါ စိမ်းလန်းတဲ့ သစ်ပင်လေးတွေဆီကို မကြာမကြာကြည့်ပြီ အညောင်းဖြေပေးသင့်ပါတယ်။ အိမ်စိုက်အပင်ပုလေးတွေ အပါအ၀င်၊ တခြား အစိမ်းရောင်ဖြည့်စွက် တန်ဆာပလာလေးတွေနဲ့ သင့်အိမ်လေးကို ကြော့မော့သပ်ရပ်နေစေမယ်ဆိုရင် သင်စိတ်ဓာတ်ကျနေတိုင်းမှာ စိတ်အားတက်လန်းဆန်းစေမှာပဲဖြစ်ပါတယ်။

(၅)ခရမ်းရောင်ဟာ ဥာဏ်ပညာကြွယ်ဝခြင်း၊ ငြိမ်းချမ်းရေးနဲ့ ခွန်အားတို့ရဲ့ သင်္ကေတပဲဖြစ်ပါတယ်။ ဒါကြောင့် သင်နှစ်သက်မယ်ဆိုရင် ခရမ်းရောင် ပစ္စည်းတချို့ကိုလည်း သင့်ဘ၀ထဲမှာ ပေါင်းစပ်ဖန်တီးလိုက်ပါဦးနော်။ သင့်ရဲ့ ကိုယ်တွင်းစိတ်လေး ငြိမ်းချမ်းစေဖို့ ခရမ်းရောင်ကို ၀တ်ဆင်ပါ။ ငြိမ်းအေးမှုရှိတဲ့ ပတ်ဝန်းကျင်ကို တိုးမြှင့်ဖို့ သင့်အိမ်ကို ခရမ်းရောင်လေးနဲ့အလှဆင်ပါ။

(၆) သန့်စင်ကြည်လင်မှုကို ကြည့်မြင်ခံစားရစေဖို့ဆိုရင်တော့ ဂန္တ၀င်ဆန်တဲ့ အဖြူရောင်လေးပဲ ရွေးချယ်ပေးပါ။ အဖြူရောင်ဟာ သန့်ရှင်းစင်ကြယ်မှုရဲ့ ပြယုဂ်တစ်ခုပါ။ သင့်အခန်းကို အဖြူရောင်နဲ့ ခြယ်သထားမယ်ဆိုရင် သူဟာ အလင်းပြန်စေတဲ့အတွက် တောက်ပလတ်ဆတ်တဲ့ အမြင်ကို ပေးစွမ်းမှာပဲ ဖြစ်ပါတယ်။ သင့်အ၀တ်ဗီရိုမှာ အ၀တ်ချိတ်ဖို့ အဖြူရောင်ကွင်းလေးတွေ၊ ချိတ်လေးတွေကို အသုံးပြုပေးနိုင်ပါတယ်။ အဖြူရောင်ဝတ်စုံ ၀တ်ဆင်ခြင်းဟာ သင့်စိတ်ဝိညာဉ်ကို သန့်စင်စေပြီး စိတ်အနေအထားကိုလည်း ရှင်းလင်းစေမှာပါ။ အိမ်နံရံနဲ့ အ၀တ်ဗီရိုတွေမှာ အဖြူရောင် ဆေးသုတ်ခြင်းဟာ ဘယ်အရာနဲ့မဆို အမြင်မရိုင်းဘဲ လိုက်ဖက်မှုရှိစေပါတယ်။ ဒါပေမယ့် သင်သုံးတဲ့ အဖြူရောင် ပစ္စည်းတွေနဲ့ အ၀တ်တွေကိုတော့ သန့်စင်နေအောင်၊ ဖြူဖွေးနေအောင် ထားဖို့လိုအပ်ပါတယ်။ ညစ်ပေနေတဲ့ အဖြူရောင်ပစ္စည်းတွေကို မြင်တွေ့ရခြင်းဟာ သင့်စိတ်ကို ညှိုးနွမ်းနေစေနိုင်ပါတယ်။
သင့်စိတ်ကို အကျိုးသက်ရောက်မှုပေးနေတဲ့ အရောင်တွေဟာ သင့်နံဘေး ပတ်ဝန်းကျင်မှာပဲ ရှိနေပါတယ်။ သင်ဟာ အဲဒီအရောင်တွေနဲ့ မလွဲမသွေ ထိတွေ့ပတ်သတ်နေရမှာပါ။ သင့်အတွက် ကောင်းကျိုးချမ်းသာရရှိစေမယ့် အရောင်တွေကို သင်ရှာဖွေတွေ့ရှိနိုင်ပါစေ။။။ ♥♥♥အားလုံးပျော်ရွှင်ကြပါစေ♥♥♥
မှတ်ချက်လေး တစ်ခုဟာ အားဆေးဖြစ်ပါတယ်
Nay La က February 11, 2012 နေ့ 9:40pm အချိန်မှာ မှတ်ချက်ပေးခဲ့သည် အေ၇ာင် ကုတုံးလေးတွေက တော်တော်လေးအသုံးဝင်တယ်နော်..............အင်း ............လူတွေအတွက် တော့ ကောင်းတာပေါ့ နော့......................
zawminnaing က December 27, 2011 နေ့ 6:31pm အချိန်မှာ မှတ်ချက်ပေးခဲ့သည် good, thank you
SID MIN KHANT က ပြတိုက် သတင်း အမှန် ကဏ္ဍ တွင် စတင်ခဲ့ပြီး SID MIN KHANT က 8 နာရီ အကြာက နောက်ဆုံးစာပြန်ခဲ့သည် 5 ပြန်စာများ 3 Likes
Online Doctor က ထူးဆန်းထွေလာ ပြခန်း တွင် စတင်ခဲ့ပြီး လရောင်ခ က 14 နာရီ အကြာက နောက်ဆုံးစာပြန်ခဲ့သည် 57 ပြန်စာများ 3 Likes
Hnin Nwe Aye က ကာတွန်း-ပန်းချီပြခန်း တွင် စတင်ခဲ့ပြီး လရောင်ခ က 14 နာရီ အကြာက နောက်ဆုံးစာပြန်ခဲ့သည် 22 ပြန်စာများ 12 Likes
Ƹ̵̡Ӝ̵̨̄Ʒ`*•မြတ်ပုလဲဖြူ¸.•*´Ƹ̵̡Ӝ̵ က ပြတိုက် အင်တာဗျူး တွင် စတင်ခဲ့ပြီး သင်းနွေးနွေးအောင် က ကြာသပတေး နေ့က နောက်ဆုံးစာပြန်ခဲ့သည် 132 ပြန်စာများ 13 Likes
စတင်ခဲ့သည် SID MIN KHANT in ပြတိုက် သတင်း အမှန် ကဏ္ဍ ကြာသပတေး နေ့က. 0 ပြန်စာများ 0 Likes
မင်းထ္ပန်းဆန်း က ကဗျာ ပြခန်း တွင် စတင်ခဲ့ပြီး AungHlaingWin က ဗုဒ္ဓဟူးနေ့ က နောက်ဆုံးစာပြန်ခဲ့သည် 1 ပြန်စာ 1 ကြိုက်တယ်
Pole-star က ထူးဆန်းထွေလာ ပြခန်း တွင် စတင်ခဲ့ပြီး နေ့သစ် က on Tuesday နောက်ဆုံးစာပြန်ခဲ့သည် 70 ပြန်စာများ 21 Likes
စတင်ခဲ့သည် SID MIN KHANT in ပြတိုက် သတင်း အမှန် ကဏ္ဍ တနင်္လာ နေ့က. 0 ပြန်စာများ 2 Likes
SID MIN KHANT က ပြတိုက် သတင်း အမှန် ကဏ္ဍ တွင် စတင်ခဲ့ပြီး SID MIN KHANT က May 17 နောက်ဆုံးစာပြန်ခဲ့သည် 4 ပြန်စာများ 1 ကြိုက်တယ်
စတင်ခဲ့သည် ဂျိုးဆက် in ပြတိုက် သတင်း အမှန် ကဏ္ဍ May 17. 0 ပြန်စာများ 0 Likes
© 2013 Created by onlinepyadaik.
Powered by
...........................................................................................

You need to be a member of ပြတိုက် to add comments!
Join ပြတိုက်