♥♥♥♥♥ ယဉ်ကျေးသိမ်မွေ့ သော သင့် အား ဤအွန်လိုင်းပြတိုက် က နွေးထွေးစွာကြိုဆိုပါ၏...။♥♥♥♥♥ ပြတိုက်အတွင်း နည်းပညာ၊ဆောင်းပါး၊၀တ္ထုများ၊ကဗျာများ၊ဗဟုသုတများ၊အံဖွယ်ဖြစ်ရပ်များ၊သတင်းများစသည် ကဏ္ဍမျိုးစုံကို သင့်လေ့လာမှတ်ယူနိုင်ပါသည်...။♥♥♥♥♥ ပြတိုက် စည်းကမ်းချက်လေးများအား ဒီနေရာလေးမှာ နိပ်ရန်...။♥♥♥♥♥ ပြတိုက် အုပ်ချူပ်ရေးမှုးများအား လိုအပ်သည်များ အကူအညီတောင်း၇န် (သို့ ) တိုင်ကြားရန် ဒီနေရာလေး မှာ နိပ်ရန်...။ကဗျာများကိုလဲ ဒီနေရာမှာ ရေး နိုင်ပါကြောင်း သတင်းကောင်း ပါအပ်ပါသည်..။♥♥♥♥♥♥♥♥♥♥ အားလုံးကို ကျေးဇူအထူးတင်ရှိပါ၏..။♥♥♥♥♥လေးစားစွာဖြင့် ပြတိုက်အက်မင်အဖွဲ့  ..♥♥♥♥

စိတ်ဖိအားဖြေလျော့နည်း (၁ဝ)နည်း

(၁) ရင်ဖွင့်နည်း


ရင်ထဲမှာ ခံစားချက်တွေ ပြည့်သိပ်နေပြီး ဘာလုပ်ရမှန်းမသိတဲ့အခါယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတစ်ယောက်ကိုရှာပြီး

ရင်ဖွင့်နိုင်ပါတယ်။

ဒါမှမဟုတ် ကျွမ်းကျင်တဲ့ အကြံပေးဆရာ ဒါမှမဟုတ် အတွေ့အကြုံများတဲ့လူကြီးသူမတွေဆီမှာ ရင်တွင်းက ခံစားချက်၊

ဖိအားတွေကို ရင်ဖွင့်နိုင်ပါတယ်။

တစ်ခါတလေမှာ ကိုယ်တကယ်တွေ့ကြုံ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကထင်သလောက်မကြီးပါဘူး။ ကိုယ့်စိတ်

ကဖြစ်ပေါ်နေတဲ့ စိုးရိမ်ကြောင့်ကျမှုတွေကပြဿနာကို ကြီးသယောင်ထင်စေပါတယ်။

ဒီလို ကြောင့်ကျမှုကို ရင်ဖွင့်မယ်၊ထွက်ပေါက်ပေးမယ်၊ တခြားလူရဲ့အကြံဉာဏ်ကို နားထောင်မယ်ဆိုရင်ရင်ဆိုင်ဖြေရှင်း

လို့ရတဲ့ နည်းလမ်းကို ရနိုင်ပြီး အလင်းရောင်ကိုမြင်နိုင်ပါတယ်။


(၂) ချရေးနည်း


ရှုပ်ထွေးပြီး ရှောင်လွဲလို့လည်းမရတဲ့ အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါအဲဒီအခက်အခဲတွေကို ချရေးနိုင်ပါတယ်။

ပြီးတော့ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကိုလည်း ချရေးကြည့်နိုင်ပါတယ်။ အဲဒီနည်းလမ်းတွေနဲ့ အခက်အခဲကို

ဖြေရှင်းနိုင်၊ မဖြေရှင်းနိုင်ဆိုတာထက် ဒီလိုထွက်ပေါက်ပေးနည်းကရင်တွင်းခံစားနေရတဲ့ စိတ်ဖိအားတချို့ကို ဖြေရှင်းပေး

ကောင်းပေးနိုင်ပါတယ်။


(၃) အသက်ရှုနည်း


စိတ်ဖိအားအရမ်းများတယ်လို့ ခံစားရတဲ့အခါ လွယ်ကူမြန်ဆန်တဲ့နည်းကအသက်ကိုရှုသွင်း၊ ရှုထုတ်ပြုလုပ်တာပါပဲ။

အသက်ကို တဝကြီးရှုသွင်းပြီးနှစ်စက္ကန့်၊ သုံးစက္ကန့်လောက် အောင့်ထားလိုက်ပါ။ ပြီးမှ ပါးစပ်ကနေလေကိုဖြေးဖြေးချင်း

ရှုထုတ်ပါ။

ဒီနည်းအတိုင်းအကြိမ်ကြိမ်ပြုလုပ်ခြင်းဖြင့် သွေးလည်ပတ်မှုကို ပုံမှန်ဖြစ်စေပြီးနှလုံးခုန်နှုန်းကို လျော့ကျစေပါတယ်။

စိတ်နှလုံးကို တည်ငြိမ်စေပါတယ်။


(၄) ပြေးနည်း


စိတ်ဖိအားအရမ်းများတယ်လို့ ခံစားရတဲ့အခါ တိတ်ဆိတ်တဲ့နေရာ တစ်နေရာရွေးပြီးမိနစ်(၂ဝ)ကနေ (၃ဝ)အထိ

အနှေးပြေး ဒါမှမဟုတ် လမ်းလျှောက်နည်းနဲ့ခန္ဓာကိုယ်ပေါ်က ကြွက်သားတွေကို ဖြည်လျော့ပေးနိုင်ပါတယ်။

ကြွက်သားတွေနဲ့အတူစိတ်ဖိအားလည်း တဖြေးဖြေး ဖြည်လျော့သွားမှာပါ။


(၅) ထိုးနည်း


တကယ်လို့ စိတ်ဖိအားက အမိန့်အာဏာက ရလာတယ်၊ မျက်နှာချင်းဆိုင်ပြီးထွက်ပေါက်ပေးလို့လည်း မရတဲ့အခါ

သဲအိတ်တစ်အိတ် ဒါမှမဟုတ်အဝတ်အိတ်တစ်အိတ်ရှာပြီး ထိုးနိုင်ပါတယ်။ ဒီနည်းက စိတ်ဖိအားတွေကို

အတော်အသင့် ပြေလျော့စေနိုင်ပါတယ်။


(၆) စိမ်နည်း


စိတ်ဖိအားတွေများတဲ့အခါ ရေနွေးနွေးနဲ့ ရေစိမ်နိုင်ပါတယ်။ ဒီနည်းက သွေးကိုပုံမှန်လည်ပတ်စေတဲ့အပြင်

ကြွက်သားတွေကိုလည်း ပြေလျော့ပေးပြီး ဖိအားကိုလျော့နည်းစေနိုင်ပါတယ်။


(၇) လွှဲနည်း


စိတ်ဖိအားတွေများတဲ့အခါ ခြေလက်တွေကို လွှဲနိုင်ပါတယ်။ စစချင်းမှာလက်ကောက်ဝတ်ကို ဖြေးဖြေးချင်းလွှဲပါ။

အဲဒီနောက် တံတောင်ဆစ်၊ ပုခုံးအထိတဖြေးဖြေးအားထည့်ပြီး ပုခုံးကြွက်သားတွေ ပြေလျော့တဲ့အထိ လွှဲနိုင်ပါတယ်။

အဲဒီလိုပဲ ခြေထောက်နှစ်ဖက်ကိုလည်း ဖြေးဖြေးချင်းကနေ အားထည့်လွှဲတဲ့အထိတင်းကျပ်နေတဲ့ ကြွက်သားတွေကို

ဖြည်လျော့နိုင်ပါတယ်။


(၈) ဆိုနည်း


သီချင်းဆို နှစ်သက်တဲ့လူတွေက စိတ်ဖိအားများလာတဲ့အခါကိုယ်ကြိုက်နှစ်သက်တဲ့သီချင်းကိ အော်ဟစ်သီဆိုရင်း

ဖိအားတွေကိုလျော့ချနိုင်ပါတယ်။


(၉) ထိုင်နည်း


တရားထိုင်တာကလည်း ဖိအားတွေကို ပြေလျော့နိုင်တဲ့ နည်းတစ်ခုပါ။

တရားမထိုင်ဖူးသူတွေက သိတတ်နားလည်သူတွေရဲ့အကူနဲ့ ထိုင်နည်းထိုင်ဟန်၊အယူအဆတွေကို အရင်ဆုံးသိနား
လည်အောင် သင်ယူသင့်ပါတယ်။ မှန်ကန်တဲ့ထိုင်နည်းကတည်ငြိမ်တဲ့ထွက်သက်ဝင်သက်နဲ့အတူ ကြွက်သားတွေ
ကို ဖြည်လျော့စေပါတယ်။

စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး ခံစားမူကို ကြည်လင်စေပါတယ်။


(၁ဝ) တခြားနည်း


ခံစားမှုအားပြင်းတဲ့ စိတ်ဖိအားတွေအတွက် ကျယ်ပြန့်တဲ့ကွင်းပြင်တစ်ခုခုမှာအော်ဟစ်တာမျိုး၊ အော်ငိုတာမျိုးတွေ ပြုလုပ်ပြီး
စိတ်ဖိအားကိုထွက်ပေါက်ပေး ဖြည်လျော့နိုင်ပါတယ်။



င်္Forward mail လေးပါရှင်



လူ 121 ယောက် ကြည့်ခဲ့သည်။

အကြောင်းအရာ: ဗဟုသုတ

မှတ်ချက်လေး တစ်ခုဟာ အားဆေးဖြစ်ပါတယ်

You need to be a member of ပြတိုက် to add comments!

Join ပြတိုက်

Poe Phyu Khin က February 27, 2012 နေ့ 1:38pm အချိန်မှာ မှတ်ချက်ပေးခဲ့သည်

ပိုးဖြူကတော့ အသံအကျယ်ကြီးမြည်လောက်တဲ့အရာကို တီးပစ်လိုက်ရရင် ကျေနပ်သွားတယ် ပေါ့သွားတယ်

eaglenet က February 27, 2012 နေ့ 12:28am အချိန်မှာ မှတ်ချက်ပေးခဲ့သည်

နံပါတ်(၁) နည်းနဲ့ နံပါတ်(၈) နည်းကတော့ သိတ်မဆိုးဘူးထင်တာဘဲ လက်တွေ့ စမ်းသပ်ကြည့်ပါဦးမယ်

ကျေးဇူးပါ

Ei Ma က February 26, 2012 နေ့ 11:36pm အချိန်မှာ မှတ်ချက်ပေးခဲ့သည်

ရာဇာထွန်း က February 26, 2012 နေ့ 11:11pm အချိန်မှာ မှတ်ချက်ပေးခဲ့သည်

ကျေးဇူးတင်ပါတယ်ဗျာ။

ယနေ့စာဖတ်သူ ဦးရေ


ယနေ့ငွေလဲလှယ်နှုန်း

လာလည်သူ ဦးရေ

 

free counters

Groups

© 2012   Created by onlinepyadaik.   Powered by .

Badges  |  Report an Issue  |  Terms of Service