ယဉ်ကျေးသိမ်မွေ့သောသင့်အား အွန်လိုင်းပြတိုက်မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸ 

 

 

“ညီအစ်ကို NING ဆိုက်ဒ် “မြန်မာချစ်သူများ” မှ ဦးစီးအက်မင် CLOUD ရုတ်တရက်ကွယ်လွန်ခြင်း”


http://www.mmcfamily.org/forum/topics/cloud

CLOUD ငါတို့တွေယူကြုံးမရ ကြေကွဲဝမ်းနည်းမိပါတယ်........

မြန်မာချစ်သူရဲဂျာ(MMC Creator)၏ အချစ်ဆုံးသူငယ်ချင်း
CLOUD (MMC Adminstrator)သည် စက်တင်ဘာလ ၄ရက်နေ့ ည
အီတလီနိုင်ငံ နာပိုလီမြို့  အလုပ်ကိုအလာတွင် ကား(Accident)ကြောင့် ရုတ်တရက်ကွယ်လွန်သွားပါသဖြင့်
မြန်မာချစ်သူမိသာစု တာဝန်ရှိသူများ နှင့်
အဖွဲ့ဝင်များအားလုံး၏ ကိုယ်စား
CLOUD၏ မိသားစုနှင့်ထပ်တူ ယူကြုံးမရကြေကွဲဝမ်းနည်းမိကြောင်း

 

******************

 

မြန်မာချစ်သူအတွက် ကြည်နှုးပီတိစားခဲ့သော CLOUD ၏လှုပ်ရှားမှု့ များ

 

မြန်မာချစ်သူမိသားစု၏ ပြုပြင်ပြောင်းလဲမှုတချို့အားကြေညာခြင်း

နိုင်ငံတော် သီချင်း လိုချင်သူများအတွက်

ဟုတ်လားဟင် မိန်းကလေးတွေ ၁၈ နှစ်အရွယ်မှာတဲ့

Network ဆိုတာ

တယ်လီဗွီးရှင်း၊ ကွန်ပြူတာ နှင့် သင့် မျက်လုံးများ

အလှဆိုသော ထိုအရာ...

သင်ပါဝင်လှုပ်ရှား နိုင်မဲ့ မြန်မာချစ်သူမိသားစုရဲ့ အနာဂတ်များ

အွန်လိုင်းပေါ်မှ အလွဲများ

အင်တာနက်နှင့် ကိုယ်ပိုင်လွတ်လပ်ခွင့်

မိန်းကလေးများ ရုပ်လှဖို့မလို အနေလှဖို့သာလိုသည်

မိန်းကလေးများအတွက် ဘဝဒဿန

မြန်မာတွေ ကမ္ဘာကျော်ပြန်ပြီ

မိန်းကလေးတွေ နှစ်သက်မဲ့ ယောက်ျား

လူမုန်လာဥ၊ လူကြက်ဥနဲ့ လူလ္ဘက်ခြောက်

ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးဖွင့်ဆိုချက်များ

သူငယ်ချင်းများသို့ စကားလက်ဆောင်

ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ်အလေးပြုအပ်ပါသည်။

အလှဆုံးမိန်းကလေး

ဗိုလ်ချုပ်အောင်ဆန်း ဒေါသထွက်သောနေ့(အပြည့်အစုံ)

ချစ်သူရှိသောအမျိုးသမီးများတွင်မရှိအပ်သည့်အချက် နှစ်ဆယ်

HIV အတွက် ကာကွယ်ဆေးနှင့် ကုသရန်ဆေး စတင်ဖော်ထုတ်နိုင်ပြီ

ပညာတတ်ရဲ့လား

လက်နက်နိုင်ငံတော်မရှိတဲ့ ဧကရာဇ်

သစ်ခွပုံတည်ဆောက်ထားပြီသဘာဝရားမှစွမ်းအင်များထုပ်ယူနိုင်အောင် တည်ဆောက်ထားသော အိမ်လေး

Gmail Security Alarm!!!!!

ရတနာပုံခေတ်နှောင်း ခေတ်မီနိုင်ငံတော်ဖြစ်ဖို့ ကြိုးပမ်းခဲ့တဲ့ အိမ်ရှေ့မင်းသားကြီး။

ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်(ပရဟိတ လုပ်ချင်သူများသို့)

ဆေးရုံလှလှ ကောင်းကောင်းမှာ လာတက်ကြမလား

သင်ဘယ်တော့မှ မသိနိုင်မယ့်အချက်များ

ကိုယ်ပေးတဲ့ လက်စွပ်လေးရဲ့ အဓိပ္ပါယ်ကို သိလား

ယောက်ျားလေးဆိုတာ

မိန်းမဆိုတာ....

ယောက်ျား မိန်းမ ဒီလိုလဲဖြစ်တတ်ပါတယ်

မိန်းမများအားရွံစေသောပုရိသ

ကိုယ်ချစ်တဲ့လူရဲ့ လက်ကိုဘယ်တော့မှမလွတ်ပါနဲ့ ....

စိတ်ပင်ပန်းမှုတွေကို လျော့ပါးချင်ရင်

 

************************************

ညီငယ်လေး


မြန်မာချစ်သူများဆိုက်ဒ်မှညီငယ်လေး အက်မင် CLOUD
အီတလီနိုင်ငံ ၌ ရုတ်တရက်ကွယ်လွန်သွားခြင်းအတွက်
အများနှင့်ထပ်တူကျေကွဲဝမ်းနည်းမိပါသည်။
မွန်းတည့်ချိန်မှာနေ၀င်ပြီး
အကြွေစောရှာသည့်ညီငယ်
ကောင်းရာသုဂတိလားပါစေ။
နောင်သံသရာဘ၀များစွာတို့မှာလည်းအများအကျိုးကိုသည်ပိုးနိုင်ပါစေ။
 
ကိုထူးဆန်း
 
******************************

သူငယ်ချင်း...

မင်းနဲ့ငါ ဘ၀တစ်ကွေ့

ခဏတာတွေ့လို့

ပျော်ရွင်တူတကွ

ဒီနေရာလေးမှာ

လက်တွဲခဲ့ဘူးတယ်နော်...။

သူငယ်ချင်း...

မင်းနဲ့ငါရည်ရွယ်ချက်တူ

အမြင်တွေမတူပေမယ့်

နားလည်းမှုတွေ ကိုယ်စီထား

အချင်းချင်းလေးစားလို့

လမ်းတွေလည်းခွဲခဲ့ဘူးတယ်နော်...။

သူငယ်ချင်း...

မင်းနဲ့ငါ လောက အလယ်က 

ဧည့်သည်တွေဖြစ်တာ တူပေမယ့်

မင်းရဲ့အိမ်အပြန်လမ်း

ခွဲခွာမှုမှတ်တမ်းရေးခဲ့တာ 

စောလွန်းပါတယ်နော်...။

သူငယ်ချင်း... 

မင်းအတွက်တော့

ဝမ်းနည်းမှတ်တမ်း

လမ်းခွဲမှတ်တိုင်

လွမ်းချင်းမှတ်တိုင်

ငါမှာတစ်ခုမှ မရှိဘူးနော်...။

သူငယ်ချင်း...

ဒီစာတွေကို ငါနှလုံးသွေးနဲ့ရေး

မင်းကိုချစ်တဲ့သူတွေနဲ့

မင်းချစ်တဲ့သူတွေအတွက်

မမေ့မပျောက်စေဖို့

ရင်မှာကမ္မည်းထိုးပေးခဲ့မယ်နော်...။

သူငယ်ချင်း...

မင်းပြုခဲ့တဲ့ ကောင်းမှူ

ငါတို့ပြုခဲ့ ကောင်းမှူ

အကြောင်းအစုစုကို

သာဓုခေါ်လို့

ကောင်းရာ ဘုံမှာ အေးချမ်းစွာနားပါတော့..။

သူငယ်ချင်း...

မင်းသွားနှင့်နေတဲ့

အိမ်ပြန်ခရီးလမ်းကို

မကြာခင် ငါလည်းလျှောက်လှမ်းလို့

တစ်ချိန်မှာ ပြန်ဆုံမှာနော်...။

 

ညီ J()<K3r Y()c//span>

 ****************************

 


သူငယ်ချင်း

ငါ့ရင်ဘတ်ကြီးကြီးထဲ နင့်ကိုထည့်ထားတယ်

သတိရတိုင်း ငါ....ထုတ်ကြည့်နေမယ်

သူငယ်ချင်း

ခင်မင်ခဲ့တဲ့ တခဏလေး

ငါ့အတွက်တော့ တစ်ဘဝစာအဖြစ် အမှတ်ရစေခဲ့ပြီး

သူငယ်ချင်း

ငါမယုံနိုင်သေးဘူး နင်ထွက်ခွာသွားခဲ့ပြီးလား

ပြန်လမ်းမဲ့မှောင်မိုက် ငါ့........ရင်ခွင်လောင်မြိုက်

သူငယ်ချင်း

ငါတို့တွေ လက်တွဲမဖြုတ်တမ်း မြန်မာချစ်သူအတွက် ကြိုးစားကြမယ် ဆို

အခုတော့.....ကျန်နေခဲ့သူ ငါ

ထွက်ခွာသွားသူ.........နင်

သူငယ်ချင်း ရေ

အေးချမ်းစွာ အနားယူပါ

အေးချမ်းစွာ အိပ်စက်ပါ

ငြိမ်သက်စွာ ပြုံးနေပါ

နင်တစ်ယောက်.....ကောင်းရာသုဂတိလားပါစေd

 

ညီမ CΔnƉℓɛ

****************************


 

ကလောက် ရေ ....

အရင်က တစ်ကြိမ် တစ်ခါမှ မဆုံဖူး ၊ မသိဖူး ၊ မမြင်ဖူးပဲ ... ... မြန်မာချစ်သူနဲ့ ပတ်သတ်ပြီး

ငါတို့ သိကျွမ်းခဲ့ကြတယ် ... ။

ငါတို့ ခင်မင် ခဲ့ကြတယ် ... ။

 စကြ နောက်ခဲ့ကြတယ် .. ။ 

ပျော်ခဲ့ပါးခဲ့ကြတယ် ... ။


ကလောက် ရေ ....

မနေ့ တစ်နေ့ ကပဲ ... ငါတို့ စကားတွေ အများကြီးပြောခဲ့ကြတယ်လေ ... ။

မနေ့ တစ်နေ့ ကပဲ .... ငါတို့ မြန်မာချစ်သူများ ရှေ့ ရေးအတွက် ဆွေးနွေးခဲ့ကြသေးတယ်လေ ... ။

မနေ့ တစ်နေ့ ကပဲ .... ပရဟိတနဲ့ ပတ်သတ်ပြီး ပြောဖြစ်ခဲ့ကြတယ်လေ ... ... ။

မနေ့ တစ်နေ့ ကပဲ ....

မနေ့ တစ်နေ့ ကပဲလေ.....

အဲ့ဒီမနေ့ တစ်နေ့ က ဆိုတာ . .ငါတို့ နောက်ဆုံးတွေ့ ခဲ့တဲ့ နေ့ ဖြစ်မယ်မှန်းသာ သိရင် ...အဲ့ဒီမနေ့ တစ်နေ့ ကို ခုချက်ချင်း သာ ပြန်ရောက်သွားချင်ပါတော့တယ် .... ။

 

ကလောက် ရေ ...

ခုတော့ ... မင်း အရမ်း ချစ်တဲ့ သူငယ်ချင်းတွေ အားလုံးနဲ့ ...

မင်း အရမ်း ခင်မင် တွယ်တာတဲ့ .. မြန်မာချစ်သူ ဆိုဒ်နဲ့ .... 

မင်းကို ချစ်တဲ့ .. မြန်မာချစ်သူ ဆို်ဒ်က မန်ဘာတွေ အားလုံးကို ....

အပြီးတိုင် ခွဲသွားခဲ့ပြီပေါ့ ... ။

 

ကလောက် ရေ ....

မင်း ခုလို ငါတို့ အားလုံးကို စောစောစီးစီး ခွဲခွာသွားတဲ့အတွက် ....

စိတ်မကောင်းဘူးဆိုတဲ့ စကားလုံး ဟာ ငါတို့ အတွက် မလုံလောက်ပါဘူးကွာ ...

ဒါပေမဲ့ .. ပိုပြီးစိတ်မကောင်း ဖြစ်တာ တစ်ခုက ...

မင်း အရမ်း စိတ်ပူ ခဲ့တဲ့ ...

မင်း အရမ်း မြင်ချင်ခဲ့တဲ့ ....

မင်း အားသွန်ခွန်စိုက် ကူညီပေးသွားတဲ့ ...

ငါတို့ မြန်မာချစ်သူ ဆိုဒ်ရဲ့ ..တွေ့ ဆုံပွဲမှာ.... 

တစ်ပျော်တစ်ပါး ဆုံတွေ ကြမဲ့ .. မန်ဘာတွေ ...

စည်းစည်းလုံးလုံးနဲ့ .. မန်ဘာတွေကိုကြည့်ပြီး ပျော်နေမဲ့ .. အက်မင်တွေ ရဲ့ .. 

ပြုံးပျော်နေတဲ့ ပုံရိပ်တွေ ...

ရှေ့ ရက်မဲ့ မြန်မာချစ်သူရဲ့ အနာဂတ်တွေကို ...

မင်း မတွေ့ ခဲ့နိုင် .. မမြင်ခဲ့နိုင်တာကတော့ ....

အရမ်းကို ဆိုးရွားလွန်းပါတယ် .... ။

 

ဒါပေမဲ့ .. ကလောက်ရေ .....

သေခြင်း ဆိုတဲ့ ... ဒီ သင်္ခါရ သဘောတရားကြီးကို .

ငါတို့ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် လွန်ဆန်နိုင်ခဲ့တာ မဟုတ်ပါဘူး ကွာ ... ။

ဒါပေမဲ့ ... အရမ်း စောလွန်းနေတော့ ........

 

စိတ်ချပါ .. ကလောက်ရေ...

မြန်မာချစ်သူ က မန်ဘာတွေ အားလုံးအတွက် ...

မင်း အတွက် ....

ရဲဂျာ အတွက် ... နဲ့ ..

အက်မင်တွေ အားလုံး အတွက် ....

အခု ထပ်ပိုပြီး မြန်မာချစ်သူ ဆိုဒ်လေးကို အောင်မြင်လာအောင် ...

မင်း ဖြစ်စေချင်ခဲ့တဲ့ အတိုင်းးး

အွန်လိုင်း ပေါ်မှာပဲ မဟုတ်ပဲ .. တကယ့်.. လက်တွေ့ ဘ၀မှာလည်းး

မြန်မာချစ်သူ ဆိုပြီး နာမည် တစ်ခု နဲ့ .... အတိ အကျ နေရာယူနိုင်အောင် ...

အခု ထပ်ပိုပြီးးးး ကြိုးစား လုပ်ကိုင်ပေးနေရင်းးးး

 

ငါတို့ ကို ချစ်တဲ့ ကလောက် ..

ငါတို့ က ချစ်တဲ့ ကလောက် ... တစ်ယောက် ....

 

ကောင်းရာ သုဂတိ လားပါစေလို့ ... ဆုတောင်းးး ရင်းးးးး

 

ErR0R

 
 
******************************

အကျီလိမ္မော်ရောင်နဲ့ CLOUD ပါ

 

သူငယ်ချင်းရေ ငယ်ငယ်ကတည်းက ငါတို့ သူငယ်ချင်း သုံးယောက်( မင်းဆိုတဲ့ ကလောက်ရယ်၊ ငါဆိုတဲ့ ရဲဂျာရယ်၊ချမ်းချမ်းဆိုတဲ့ ငါတို့ရဲ့ ညီငယ်လေးရယ်) အတူတူ ပျော်ရွှင်ခဲ့တဲ့နေ့တွေကို ပြန်သတိရမယ်တယ်ကွာ
စိတ်တူ၊၀ါသနာတူ၊ရည်ရွယ်ချက်တူ တဲ့ ငါတို့ ညီအကို ၃ ယောက် တစ်တွဲတွဲဖြစ်လွန်းလို့ မိဘတွေအမြင်ကပ်လွန်းတဲ့အထိ ငါတို့ပျော်ခဲ့ကြတာ ကဲခဲ့ကြတာ ငါအိမ်ပေါ်ကဆင်းလို့မင်း
လိုက်ဆင်းတာ ချမ်းချမ်းနေ မကောင်းဖြစ်လို့ အိမ်မပြန်ပဲ ဆေးရုံမှာ တူတူ စောင့်အိပ်ပေးခဲ့နေ့တွေ၊
မရှိအတူ ရှိအတူ တူတူ ဆိုးခဲ့ပေခဲ့ကြတယ်၊ မှတ်မိသေးတယ် ချမ်းချမ်းငါတို့ ကိုခွဲပြီး လူ့လောကကနေ
အပြီးတိုင် ထွက်သွားတဲ့နေ့တုန်းကဆို မင်းပြောခဲ့တယ်။ ငါတို့နောက်ဆို ချမ်းချမ်း အတွက် ကောင်းမှုကုသိုလ်တွေ ပိုလုပ်ရမယ်။ သူဖြစ်ချင်တဲ့ ပရဟိတဂေဟာလေးတခုဖြစ်အောင်ငါတို့
ကြိုးစားကြမယ်။ချမ်းချမ်း လူသေသွားပေမယ့် ငါတို့ စိတ်ထဲ၊ငါတို့ နှလုံးသားထဲမှာ အမြဲတမ်းရှိနေဆဲပါ၊
ချမ်းချမ်းခုလိုဖြစ်သွားတဲ့အတွက် ငါ့လက် တစ်ဖက် ပြတ်သွားသလိုခံစားရတယ်လို့မင်းပြောခဲ့တယ်လေ။
ခုတော့ ငါလဲမင်းပြောခဲ့သလို မင်းခုလိုဖြစ်သွားတော့ ငါ့လက်တစ်ဖက်ပြတ်သွားသလိုခံစားရတယ်
Cloud ရယ်။ မင်းကလဲ ငါ့ လက်တစ်ဖက်ပါပဲ ခုတော့ ငါ့မှာ လေ လက် နှစ်ဖက်ပြတ်သွားသလိုပါပဲကွာ၊
မင်းပြောခဲ့တယ်လေ ငါကလူတစ်ယောက် မင်းတို့ နှစ်ယောက်က ငါ့ရဲ့ လက်တစ်ဖက် စီတဲ့ အဲ့တုန်းကတော့ ငါတို့ ရယ်စရာလို သတ်မှတ်ခဲ့တယ်၊ဒါပေမယ့်ခု ချမ်းချမ်း ပြီးတော့ မင်း အားလုံးငါ့ကိုစွန့်ခွါသွားချိန်မှာတော့ ငါ
မင်းပြောခဲ့သလို ပဲ လက် ၂ ဖက် ပြတ်သွားသလားလို့အောက်မေ့မိတယ်။သူငယ်ချင်းရယ်။

မတူညီတဲ့ အသက် အရွယ်တွေနဲ့ ငါတို့ သူငယ်ချင်း ၃ ယောက် ညီအကိုလို တစ်မျိုး ၊သူငယ်ချင်းလို တစ်ဖုံ တူတူ ပျော်ခဲ့တဲ့နေ့တွေငါဘယ်တော့မှ မမေ့ခဲ့ပါဘူး ကွာ။ သူငယ်ချင်း ၃ ယောက်ထဲမှာ မင်းက အကြီးဆုံးဖြစ်တာနဲ့အညီ ငါတို့ ဆိုးသမျှကို အနစ်နာခံ၊ ခေါင်းခံ ပေးခဲ့တာတွေကိုလဲ ငါ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူးကွာ၊ အဖြစ်အပျက် တိုင်းကို တည်တည် ငြိမ်ငြိမ် နဲ့ဖြေရှင်းနိုင်ခဲ့တဲ့ သူငယ်ချင်း၊
ငါ့ကိုလဲ အရာရာ တိုင်းအတွက် အမြဲတမ်း သင်ပေးခဲ့တဲ့ သူငယ်ချင်း၊ကိုယ်ချစ်တဲ့ ချစ်သူ ထက်တောင် ငါတို့ကို ဦးစားပေးပြီး အနစ်နာခံခဲ့တဲ့သူငယ်ချင်း မင်းရော မင်းရဲ့နောက်ဆုံးခရီးစဉ်ကို
တည်တည် ငြိမ်ငြိမ် နဲ့ ရင်ဆိုင်သွားခဲ့တာလား သူငယ်ချင်းရယ်။

ထာဝရ သတိရခြင်းတွေနဲ့ .....

ရဲဂျာ
မြန်မာချစ်သူ မိသားစု

www.mmcfamily.org

လူ 1214 ယောက် ကြည့်ခဲ့သည်။

အကြောင်းအရာ: MMC-CLOUD, ကြေညာချက်

မှတ်ချက်လေး တစ်ခုဟာ အားဆေးဖြစ်ပါတယ်

You need to be a member of ပြတိုက် to add comments!

Join ပြတိုက်

ကိုနေ (studyman30) က စက်တင်ဘာ လ 9, 2011 နေ့ 2:04am အချိန်မှာ မှတ်ချက်ပေးခဲ့သည်

ထပ်တူ ထပ်မျှ ခံစားရပါတယ်ဗျာ........

သစ်ပင်ကြီးတစ်ပင် က စက်တင်ဘာ လ 8, 2011 နေ့ 4:45pm အချိန်မှာ မှတ်ချက်ပေးခဲ့သည်

သူ့ မှာ..ဒီလောက်ပဲနေခွင့် ရခဲ့ တယ်....

သူနေခွင့် ရသလောက်..သူအများကြီးလုပ်ခဲ့ တယ်...ဒီလိုကြီးထွက်သွားရတာ..အရမ်းကိုနှမျောမိပါတယ်

ကိုယ်လဲနေခွင့် ရသလောက်  ဘာတွေများလုပ်ပိးပီလဲ..လုပ်နေသလဲ....စဉ်းစားရင်း

မိသားစုနဲ့ အတူ..ထပ်တူထပ်မျှ..နှမျောတသ..၀မ်းနည်းကျေကွဲရပါတယ်...ကောင်းရာဘ၀တခု..ရရှိပိုင်ဆိုင်နိုင်ပါစေ

 

မနောချို က စက်တင်ဘာ လ 8, 2011 နေ့ 10:53am အချိန်မှာ မှတ်ချက်ပေးခဲ့သည်
စိတ်မကောင်းပါဘူး
ကို လေတိုး က စက်တင်ဘာ လ 8, 2011 နေ့ 9:17am အချိန်မှာ မှတ်ချက်ပေးခဲ့သည်

တကယ်ကို ကြေကွဲ ဝမ်းနည်းရပါတယ် စိတ်မကောင်းလိုက်တာ

CLOUDရေ ရောက်ရာ ဘုံဘဝမှာ ပျော်ရွှင်ပါစေလို့ဆုတောင်းလိုက်ပါတယ်

ခရေပွင့်လေး က စက်တင်ဘာ လ 8, 2011 နေ့ 2:52am အချိန်မှာ မှတ်ချက်ပေးခဲ့သည်
လူတော်လေးတယောက်
အများအကျိုးကိုသယ်ပိုးနေတဲ့
လူငယ်တယောက်
အချိန်မတန်ခင်
ကြွေလွင့်သွားရတာ
မိသားစုနဲ့အတူ
ထပ်တူကျေကွဲမိပါကြောင်း
Hnin Nwe Aye က စက်တင်ဘာ လ 7, 2011 နေ့ 11:30pm အချိန်မှာ မှတ်ချက်ပေးခဲ့သည်

မိဘအတွက် .. မိသားစုအတွက် .. မိတ်ဆွေသူငယ်ချင်းတွေအတွက် .. အားလုံးအတွက် အားကိုးရတဲ့ လူငယ်တစ်ယောက် ... အချိန်မတန်ခင် ဆုံးရှုံးသွားတဲ့အတွက် မိသားစုနဲ့ထပ်တူ ၀မ်းနည်းမိပါတယ် ....

ကောင်းရာသုဂတိလားပါစေ .. သူငယ်ချင်း .....

အလင်္ကာသုစံ က စက်တင်ဘာ လ 7, 2011 နေ့ 11:11pm အချိန်မှာ မှတ်ချက်ပေးခဲ့သည်

မရင်းနှီးပေမယ့် ဝမ်းနည်းမှုက အနှိုင်းအဆမဲ့...။

ကောင်းရာ ဂတိလားစေသော်...လို့...။

soe soe က စက်တင်ဘာ လ 7, 2011 နေ့ 7:08pm အချိန်မှာ မှတ်ချက်ပေးခဲ့သည်

အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ်။

လူတိုင်းသွားကြရမဲ့လမ်းဖြစ်ပေမဲ့ရုတ်တရက်ခွဲခွါသွားတာစောလွန်းပါတယ်

အဝေးရောက်ချစ်သူ က စက်တင်ဘာ လ 7, 2011 နေ့ 4:51pm အချိန်မှာ မှတ်ချက်ပေးခဲ့သည်
ဝေလို့တောင်မ၀သေးဘူး အကြွေစောတယ်..
သေသင့်သူတွေမသေ မသေသင့်သူတွေသေ
အော်.. ဘ၀.. ဘဝ
လင်းလက်ချိန်ကြမှ အမှောင်ထဲကျ
ကိုယ်နှမြောမိတယ်
အော်... အမျှ..အမျှ
ကိုထူးဆန်း က စက်တင်ဘာ လ 7, 2011 နေ့ 4:17pm အချိန်မှာ မှတ်ချက်ပေးခဲ့သည်
ဂျာရေဘယ်လိုဖြစ်ရတာလဲ။ Ning ကိုစာရေးလေ။

Forum

ဖူးစာရှင်

SID MIN KHANT က ပြတိုက် သတင်း အမှန် ကဏ္ဍ တွင် စတင်ခဲ့ပြီး ခင်မောင်ဇော် က 6 နာရီ အကြာက နောက်ဆုံးစာပြန်ခဲ့သည် 1 ပြန်စာ

Untitled

စတင်ခဲ့သည် ဂျိုးဆက် in ပြတိုက် သတင်း အမှန် ကဏ္ဍ သောကြာ နေ့က. 0 ပြန်စာများ

အဓိပ္ပါယ်ရှိသော ရှင်သန်ခြင်း

မင်းထ္ပန်းဆန်း က ကဗျာ ပြခန်း တွင် စတင်ခဲ့ပြီး ခင်မောင်ဇော် က May 15 နောက်ဆုံးစာပြန်ခဲ့သည် 1 ပြန်စာ

Groups

ပြတိုက်လမ်းညွှန်

ယနေ့ငွေလဲလှယ်နှုန်း

လာလည်သူ ဦးရေ

 

free counters

© 2013   Created by onlinepyadaik.   Powered by

Badges  |  Report an Issue  |  Terms of Service